သုံးတောင်ပိုင်စေတီတော်

Listing Description

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ရေစကြို- မြိုင်ကားလမ်းအနီး၊ ကြက်ဆူကျင်းကျေးရွာတွင် တည်ရှိသည့် သက်တမ်းနှစ် ၁၅၀ ကျော် ရှေးဟောင်းစေတီတစ်ဆူဖြစ်ပါသည်။ ကောဇာသက္ကရာဇ် ၁၂၃၀ ပြည့်နှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်နေ့တွင် သရက်ပင်ရွာ ဆရာတော် ဦးဝိမလစာရနှင့် ရွာသူရွာသားများက တည်ထားကိုးကွယ်ခဲ့ပါသည်။ စေတီတော်သည် နှစ်ကာလကြာမြင့်လာပြီး ငလျင်ဒဏ်ကြောင့် ခေါင်းလောင်းတော်အထက်မှစ၍ ပြိုကျပျက်စီးခဲ့သဖြင့် ကောဇာသက္ကရာဇ် ၁၃၅၅ ခုနှစ်၊ ဝါခေါင်လဆုတ် ၁ ရက်နေ့တွင် စေတီတော်အား ဉာဏ်တော်အမြင့် ၅၂ ပေအထိ တိုးချဲ့မွန်းမံပြုပြင်၍ ထီးတော်အသစ်တင်လှူ ပူဇော်ခဲ့သည်။