ရွှေတန့်တစ် သရက္ခန်ဘုရား

Listing Description

ပခုက္ကူမြို့နယ်၊ ရွှေတန့်တစ်စံပြကျေးရွာတွင် တည်ရှိပါသည်။ အလောင်းစည်သူမင်းကြီးသည် ရွှေတန့်တစ်ဘုရားအပါအဝင် ဘုရားရှင်၏ဓာတ်တော် ၂ ဆူစီ ဌာပနာထားသော သရက္ခန်ဆင်းတုတော် ခြောက်ဆူ တည်ထားကိုးကွယ်ခဲ့သည်။ ဆင်းတုတော်များ၏ ပလ္လင်တော်တွင်လည်း ဆင်ရုပ်များခံ၍ တည်ထားကိုးကွယ်ခဲ့ရာ ဆင်ခံပလ္လင်များဝါစဉ်အရ ပထမဆင်းတု စည်သူရှင်ရုပ်ပွားတော်တွင် ၁၅ စီး၊ ဒုတိယဆင်းတု ရွှေတန့်တစ်ရုပ်ပွားတော်တွင် ၁၄ စီး၊ တတိယဆင်းတု ရှင်မတောင်ရုပ်ပွားတော်တွင် ၁၃ စီး၊ စတုတ္ထဆင်းတု ဆင်ကြို့ရွာရုပ်ပွားတော်တွင် ၁၂ စီး၊ ပဉ္စမဆင်းတု အညာသီဟတော ရုပ်ပွားတော်တွင် ၁၁ စီးနှင့် ဆဋ္ဌမဆင်းတု မြတ်ပေါင်းမဉ္ဇူတွင် ၁ဝ စီးဖြစ်သည်။ အလောင်းစည်သူမင်းကြီးသည် သရက္ခန်ရုပ်ပွားတော်များအား ဆင်မယာဉ်သာများတွင်တင်၍ အဓိဌာန်ဆုတောင်း လွှတ်တော်မူရာ ဒုတိယဆင်မယာဉ်သာသည် ရွှေတန့်တစ်ရွာတွင်း ရပ်တန့်သဖြင့် စေတီတော်တည်ထားကိုးကွယ်ခဲ့ပြီး ရွှေတန့်တစ်ဟု ဘွဲ့အမည်ခေါ်တွင်ခဲ့သည်။ 

(သရက္ခန်ဘုရားများသမိုင်းကို အသေးစိတ်ဖတ်ရှုရန် ဤနေရာသို့နှိပ်ပါ)