နည်းပညာတက္ကသိုလ်(ပခုက္ကူ)

Listing Description

နည်းပညာတက္ကသိုလ်(ပခုက္ကူ) သည် မြန်မာနိုင်ငံအလယ်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူ-ရေစကြို ကားလမ်းမကြီး၏ ဘေးတွင် တည်ရှိသည်။‌ ပခုက္ကူမြို့မှ ၈ မိုင် ၄ ဖာလုံ ခန့် ကွာ‌ဝေးသည်။ တက္ကသိုလ်၏ အကျယ်အဝန်းမှာ ၁၀၀.၃၂ ဧက ဖြစ်သည်။ နည်းပညာတက္ကသိုလ်(ပခုက္ကူ) ကို ၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် အစိုးရစက်မှု လက်မှုသိပ္ပံကျောင်း အဖြစ် စတင်ဖွင့်လှစ်ခဲ့သည်။ ၂၀၀၂ ခုနှစ်၊ အောက်တိုဘာ ၂၀ ရက်နေ့တွင် အစိုးရနည်းပညာကောလိပ် အဆင့်သို့ တိုးမြှင့်ခဲ့သည်။ ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် နည်းပညာတက္ကသိုလ်အဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ခဲ့သည်။