ပခုက္ကူတက္ကသိုလ်

Listing Description

ပခုက္ကူတက္ကသိုလ် သည် မြန်မာနိုင်ငံအလယ်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်တစ်ခု ဖြစ်သည်။ ပခုက္ကူတက္ကသိုလ်တွင် ဝိဇ္ဇာနှင့် သိပ္ပံဘာသာရပ်များအတွက် ဘွဲ့များ ပေးအပ်ချီးမြှင့်သည်။ ပခုက္ကူတက္ကသိုလ်သည် ပခုက္ကူမြို့၏မြောက်ဘက်စွန်းတွင် တည်ရှိသည်။ ပခုက္ကူတက္ကသိုလ်၏ မြေဧရိယာ အကျယ်အဝန်းမှာ ၂၄၅.၃၂ ဧက ဖြစ်ပါသည်။ ၁၉၇၇ ခုနှစ်၊ မေလ ၂၃ ရက်နေ့တွင် ပခုက္ကူဒေသကောလိပ်ကို ပခုက္ကူ အထက(၂)နေရာတွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ၁၉၇၈ ခုနှစ်၊ ဒီဇင်ဘာလတွင် အထက(၂) နေရာမှ လက်ရှိ နေရာသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။ဒေသကောလိပ်များကို ၁၉၈၀ ပြည့်နှစ်၊ ဧပြီလ ၁ ရက်နေ့မှစ၍ ပညာရေးဝန်ကြီးဌာနက လွှဲပြောင်းယူခဲ့ပြီး၊ ၁၉၈၁ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်မှစ၍ ပခုက္ကူဒေသကောလိပ်ကို ပခုက္ကူကောလိပ် အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ၁၉၉၉ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် ပခုက္ကူကောလိပ်ကို ပခုက္ကူဒီဂရီကောလိပ်အဖြစ်သို့ လည်းကောင်း၊ ၂၀၀၁ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ပခုက္ကူဒီဂရီကောလိပ်ကို ပခုက္ကူတက္ကသိုလ် အဖြစ်သို့ လည်းကောင်း တိုးမြှင့်ဖွင့်လှစ်ခဲ့ပါသည်။