ရွှေကျီးမြင်စေတီတော်

Listing Description

ရွှေကျီးမြင်စေတီတော်သည် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးကျက်သရေရပ်၊ ၈၂ လမ်းနှင့် ၈၃ လမ်းကြား၊ ၂၄ လမ်းတွင် တည်ရှိပါသည်။ အလောင်းစည်သူမင်းကြီး၏ သားတော် တိုင်းခန်းလှည့်ရာတွင် ယခုရွှေကျီးမြင်စေတီတော်တည်ရှိရာ နေရာသို့ရောက်သောအခါ ရွှေရောင်အဆင်းရှိသော ကျီးတစ်ကောင်ကို မြင်တွေ့ရသဖြင့် ထိုနေရာ၌ ဓာတ်တော်မွေတော်များ ဌာပနာ၍ တစ်ဖက်မုခ်ခံ စေတီတော်တစ်ဆူတည်ထားကိုးကွယ်ခဲ့ရာ "ရွှေကျီးမြင်စေတီတော်"ဟု ဘွဲ့အမည်တွင်ခဲ့ပါသည်။ စေတီတော်၏ ဂန္ဓကုဋိတိုက်အတွင်းတွင် ဉာဏ်တော် ၃ တောင် ၁ မိုက်ရှိသော ရွှေကျီးမြင်မြတ်စွာဘုရား ဆင်းတုတော်ကိုလည်း တည်ထားကိုးကွယ်ခဲ့ပါသည်။ မူလစေတီတော်မှာ ပုဂံခေတ်လက်ရာ ဖြစ်သော်လည်း ခေတ်အဆက်ဆက် ပြုပြင်မွမ်းမံခဲ့ကြသဖြင့် စေတီတော်သည် လက်ရှိကာလတွင် အသစ်တည်ထားသကဲ့သို့ ကြည်ညိုဖွယ်ရာ ဖူးမြော်နိုင်ပါသည်။ စေတီတော်၏ ဂန္ဓကုဋိတိုက်အတွင်းတွင် ရွှေလင်ပင်းမြတ်စွာဘုရားရုပ်ပွားတော်၊ ရွှေကျီးမြင်မြတ်စွာဘုရား ရုပ်ပွားတော်၊ ရွှေကွန်အုပ်မြတ်စွာဘုရားရုပ်ပွားတော် တို့ကို ဖူးမြင်နိုင်ပါသည်။ ထို့ပြင် ထိုဆင်းတုတော်သုံးဆူ၏ အရှေ့ဘက်တွင် ရှေးမင်းအဆက်ဆက် ကိုးကွယ်ခဲ့ကြသော အညာသီဟတော (သရက္ခန်) ရုပ်ပွားတော်မြတ်၊ အလောင်းစည်သူမင်းကောင်းမှု မြသိန်းတန်ဘုရား၊ မင်းတုန်းမင်းကိုယ်တိုင် ရွှေဆောက်ဖြင့်ကိုယ်တိုင်ထုလုပ်ခဲ့သော ဒက္ခိဏသာခါဘုရား ၁၉ ဆူ၊ မနူဟာမင်းကိုးကွယ်ခဲ့သော ရွှေမိုးမောက်မြတ်စွာဘုရား၊ အလောင်းစည်သူမင်းကိုးကွယ်ခဲ့သော ရှင်ဖြူမြတ်စွာဘုရား၊ စိန်ဘုရား၊ မြဘုရား၊ ပယင်းဘုရား၊ မိဖုရား စောမွန်လှ ရွှေစာရံဘုရားတွင် လှူဒါန်းခဲ့သော မြွေအံတော်ဘုရား၊ ကုန်းဘောင်ခေတ် နောင်တော်ကြီးမင်းကိုးကွယ်ခဲ့သော မဟာလောကဇေယျသိန်ဘုရား၊ သီဟိုဠ်မင်းမှ အလောင်းစည်သူမင်းထံသို့ ဆက်သခဲ့သည့် ရှင်မဟာကဿပမထေရ်ရုပ်ပွားတော်နှင့် အံ့တော်၊ သာယာဝတီမင်း၏ ဗောင်းတော်ကိုပြာချ သရိုးကိုင်ပြီး ဓာတ်မွေတော်များ ဌာပနာထားသော သက်တော်ရ မကိုဋ်ဆောင်းဘုရား၊ ရွှေရင်မဘုရားနှင့် အခြားဆင်းတုတော်တို့ကို ဖူးမြော်နိုင်ပါသည်။

သင်ကိုယ်တိုင် ပြင်ဆင် ဖြည့်စွက်ရန်

Listing Review

2021-08-25 14:19:52

ဖေါ်ပြပေးပါ

ရွှေကျီးမြင်