ရွှေသာလျောင်း ရုပ်ပွားတော်မြတ်ကြီး (ပဲခူး)

Listing Description

ရွှေသာလျောင်းရုပ်ပွားတော်ကြီးသည် ပဲခူးမြို့ အနောက်ဘက်တွင် တည်ရှိသော လျောင်းတော်မူ ရုပ်ပွားတော်ကြီးဖြစ်ပါသည်။ ရုပ်ပွားတော်ကြီး၏ ဉာဏ်တော်မှာ အလျား ၁၈၀ ပေ၊ အမြင့် ၅၂.၅ ပေ ရှိပါသည်။ ထိုဘုရားကြီးကို မွန်ဘုရင် မဂ္ဂဒီပ က သက္ကရာဇ် ၉၉၄ ခုနှစ်တွင် တည်ထားခဲ့သည်ဟု ယုံကြည်ကြပါသည်။ ဗြိတသျှအုပ်စိုးစဉ် ပြုပြင်သူမရှိဘဲ ချုံနွယ်ပိတ်ပေါင်းများ အကြား နှစ်ပေါင်းများစွာ တိမ်မြုပ်နေရာမှ ၁၈၈၀ ခုနှစ်တွင် ပြန်တွေ့ကာ ဗုဒ္ဓဘာသာ၀င် သူတော်စင် ရဟန်း၊ ရှင်၊ လူ လုပ်သားပြည်သူတို့မှ ရှေးမူမပျက် မွမ်းမံလျှက် ကုသိုလ်ကောင်းမှု အဆက်ဆက်ပြုခဲ့ကြပါသည်။