တန့်ကြည့်တောင်စေတီ

Listing Description

တန့်ကြည့်တောင်စေတီသည် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ တန့်ကြည့်တောင်ပေါ်တွင် တည်ရှိသည့် စေတီတစ်ဆူဖြစ်သည်။ ပုဂံဘုရားစုများတွင် ပါဝင်ပြီး စွယ်တော် လေးဆူအနက် တစ်ဆူ အပါအဝင်ဖြစ်ပါသည်။ တန့်ကြည့်တောင် စေတီကို အေဒီ ၁၀၅၉ တွင် အနော်ရထာမင်း တည်ခဲ့သည်။ အနော်ရထာမင်းသည် သီဟိုဠ် ၌ ဘုရင်ဝိဇယဘာဟု ဆက်သလိုက်သော စွယ်တော်ကို ထပ်မံပွား၍ တန့်ကြည့်တောင် ပေါ်ရှိ သီရိဓမ္မာသောကမင်းတည်ခဲ့သည့် စေတီကို ပြုပြင်မွမ်းမံကာ စွယ်တော်ပွားကို ဌာပနာခဲ့ပါသည်။ တန့်ကြည့်တောင်စေတီကို ခေတ်အဆက်ဆက် စေတနာရှင်များကပြုပြင် မွမ်းမံခဲ့သဖြင့် စေတီအသစ်သဖွယ် ဖြစ်နေပါသည်။