ဖောင်တော်ဦးမြတ်စွာဘုရား

Listing Description

ပခုက္ကူမြို့၊ အမှတ်(၁) ရပ်ကွက်၊ ပေါင်လောင်ရှင်ရ ဖောင်တော်ဦးလမ်း နှင့် သီတာလမ်း လမ်းဆုံတွင် တည်ရှိသည်။ သမိုင်းကြောင်းအရ နရပတိစည်သူမင်းကြီးသည် သင်္ကနက်သား ဖောင်တော်မှ စကားသားဖြင့် ပြုလုပ်သော ရွက်တိုင်ကို အညီအမျှပိုင်းဖြတ်ကာ ဘုရားရုပ်ပွားတော် ကိုးဆူထုလုပ်ပြီး ဆူးစာဆောက်စာ ရရှိသော စကားသားအပိုင်းအစများကို မံဘုရားပြု၍ စုစုပေါင်း ဆယ်ဆူထုလုပ် ပူဇော်ခဲ့သည်။ ယခု ပခုက္ကူမြို့ရှိ ဖောင်တော်ဦးဘုရားသည် ဖောင်တော်ရပ်နားခဲ့ရာနေရာတွင် ရုပ်ပွားတော်နှင့် စေတီတစ်ဆူတည်၍ "ဖောင်တော်ဦးမြတ်စွာဘုရား" ဟု ဘွဲ့အမည် ခေါ်တွင်ခဲ့သည်။