ပြည်တော်ပြန်ဘုရား

Listing Description

ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် တနင်္ဂနွေထောင့်တွင် တည်ရှိပါသည်။ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲအပြီးတွင် ဤရပ်တော်မူရုပ်ပွားတော်ကို အင်္ဂလန်သို့ သိမ်းယူသွားကြသည်။ ထိုအခါ ဘုရင်မကြီးခေါင်းကိုက်ဝေဒနာ ခံစားရသဖြင့် ထိုရုပ်ပွားတော်ကို ဘုရင်မကြီးအမြတ်တနိုးထားသော မီးအိမ်ကြီးနှစ်လုံးနှင့်အတူ သံသေတ္တာကြီးထဲထည့်ပြီး အိန္ဒိယ သမုဒ္ဒရာကိုပတ်ကာ ပြန်ပို့ခဲ့ပါသည်။ ပြည်တော်ပြန်ဘုရားဘေးတွင် ဘုရင်မကြီး၏ မီးအိမ်၂ လုံးကိုလည်းတွေ့မြင်နိုင်ပါသည်။