တက္ကသီလဘုရား (ခေါ်) ကျားခြစ်ဘုရားကြီး

Listing Description

တက္ကသီလဘုရား (ခေါ်) ကျားခြစ်ဘုရားကြီးသည် မြောက်ဦးမြို့ ကုလားမြို့စေတီတော်၏ အနောက်ဘက်၊ ဇိနမာရ်အောင်ဘုရား၏ အရှေ့ဘက်တွင် တည်ရှိသည်။ ကောဇာသက္ကရာဇ် ၈၃၂ ခုနှစ် (အေဒီ ၁၄၇၁) တွင် ဘစောဖြူမင်းက ဤဘုရားကို ကျောက်နံရံဂူသိမ်ကြီးဖြင့် တည်ထားကိုးကွယ်ခဲ့သည်။ ဆင်းတုတော်သည် ဉာဏ်တော်အမြင့် ၇ ပေရှိသော ကျောက်ဆင်းတုတော်ဖြစ်ပြီး ခြေတော်ထပ်လျက် ထိုင်တော်မူကာ ရင်သိုင်းပါရှိသော ကိုယ်ရုံသင်္ကန်းတစ်ခုလုံးကို အရစ်ရစ်ဖော်၍ ရုံထားရှိသည်။