ရွှေကြာသိမ်ဘုရားကြီး

Listing Description

မြောက်ဦးမြို့ မှောက်တော်တံခါး (ပေါင်းဝတံခါး)အနီးရှိ ပြင်ဈီးအရပ်၌ တည်ရှိသည်။ သိမ်ထဲတွင် ဉာဏ်တော်အမြင့် ၈ ပေ ၈ လက်မရှိသော ကျောက်ဆင်းတုတော်ကြီးတစ်ဆူ ကိန်းဝပ်တော်မူလျက်ရှိသည်။ ဘုရင်ဘစောဖြူမင်းနှင့် အနောက်နန်းမိဖုရားတို့မှ ဖွားမြင်သော မင်းသမီး မှောက်တော် စောရွှေကြာသည် မိမိအားမွေးဖွားခဲ့ရာ ကုန်းတော်၌ ကောဇာသက္ကရာဇ် ၈၃၃ ခုနှစ် (အေဒီ ၁၄၇၁)တွင် ဤဘုရားကြီးကို ဂူသိမ်တော်ကြီးဖြင့် တည်ထားကိုးကွယ်ခဲ့သည်။ မင်းသမီးစောရွှေကြာ တည်ထားကိုးကွယ်ခဲ့သဖြင့် ရွှေကြာသိမ်ဘုရားကြီးဟု အမည်တွင်ခဲ့သည်။ ယခုအခါ ဂူသိမ်တော်ကြီး ပျက်စီးသွားပြီဖြစ်၍ အုတ်တံတိုင်းသိမ်တော်ကြီး ဆောက်လုပ်လျက် ပူဇော်ထားရှိသည်။