ရန်အောင်တော်ဘုရားကြီး

Listing Description

မြောက်ဦးမြို့ မင်္ဂလမာရ်အောင်စေတီ၏ အရှေ့ဘက်ကပ်လျက်ရှိ သိမ်တော်တွင် ကိန်းဝပ်လျက်ရှိသည်။ ဉာဏ်တော်အမြင့် ၇ ပေ ၁ လက်မရှိသော ဆင်းတုတော်ကြီးဖြစ်ပြီး ဘုရင်မင်းဗာကြီးမှ ကောဇာသက္ကရာဇ် ၉၁၂ ခုနှစ် (အေဒီ ၁၅၅၀) တွင် မင်္ဂလမာရ်အောင်စေတီမှ တစ်မိုင်ခန့်ကွာဝေးသော ဗားမဲ့ဗားဂရာဘုန်းတော်ကြီးကျောင်းတိုက်၏ အထက်တောင်ကုန်းပေါ်၌ တည်ထားကိုးကွယ်ခဲ့သည်။ ထို့နောက် ကောဇာသက္ကရာဇ် ၁၃၄၅ ခုနှစ် (အေဒီ ၁၉၈၃) တွင် ယခုကိန်းဝပ်လျက်ရှိရာ မင်္ဂလမာရ်အောင်စေတီနှင့်ကပ်လျက်ရှိ သိမ်တော်သို့ ပြောင်းရွှေ့ပင့်ဆောင် ပူဇော်ခဲ့သည်။