လည်ရွဲလေးလုံးကျွန်း

Listing Description

လည်ရွဲလေးလုံးကျွန်းသည် ကော့သောင်းမြို့ မြို့မတံတားမှ ရေမိုင် ၄၅ မိုင်ခန့်အကွာတွင် တည်ရှိသည့် ကျွန်းတစ်ကျွန်းဖြစ်ပါသည်။ အဆိုပါကျွန်းတွင် အလွန်လှပထူးဆန်းသော ရေအောက်အလှ ကြည့်ခြင်း(snorkeling)၊ ဖန်သားသမျှ ကြည်လင်သောရေပြင်တွင် ရေကစားခြင်း၊ kayak လှေလှော်ခြင်း၊ နူးညံ့အိစက်သောသဲသောင်ကမ်းခြေတွင် အပမ်းဖြေလမ်းလျှောက်ခြင်း စသည်ဖြင့် ပင်လယ်သဘာဝကမ်းခြေအရသာကို ခံစားရရှိနိုင်ပါသည်။