စစ်တောင်းတံတား (မုပ္ပလင်)

Listing Description

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်နှင့် မွန်ပြည်နယ်၊ မုပ္ပလင်မြို့နယ်တို့အကြားရှိ စစ်တောင်းမြစ်ကို ဖြတ်သန်းဖောက်လုပ်ထားသည့် တံတားတစ်စင်း ဖြစ်သည်။ ၂၀၀၅ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၀၈ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။ ပင်မတံတားမှာ သံမဏိသံပေါင်တံတား အမျိုးအစားဖြစ်ပြီး တံတားအရှည်မှာ ၁၃၆၅ ပေရှိသည်။ ချဉ်းကပ်တံတားများအနေဖြင့် ကျိုက်ထိုဘက်ကမ်း၌ ၂၄၄ ဒသမ ၁ ပေ၊ ဝေါဘက်ကမ်း၌ ၇၈၃ ဒသမ ၆ ပေရှိပြီး သံကူကွန်ကရစ် ချဉ်းကပ်တံတားများဖြစ်သည်။ တံတား၏ စုစုပေါင်းအရှည်မှာ ၂၃၉၂ ဒသမ ၇ ပေရှိသည်။ မော်တော်ယာဉ်သွားလမ်းအကျယ် ၂၈ ပေရှိပြီး တစ်ဖက်လျှင် ခြောက်ပေစီကျယ်သည့် လူသွားလမ်းပါရှိသည်။ ယာဉ်တစ်စီးချင်းခွင့်ပြုတန် ၆၀ ခံနိုင်ဝန်ရှိသည်။ တံတားအောက် ရေလမ်းကင်းလွတ်နယ်အကျယ် ၂၉၅ ပေနှင့် အမြင့် ပေ ၂၀ ရှိသည်။

# စစ်တောင်းမြစ်ကူးတံတား(မုပ္ပလင်တံတား)