ရွှေကူကြီးဘုရား

Listing Description

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်အတွင်း တည်ရှိပါသည်။ အမရပူရမြို့ရှိ တန်ခိုးကြီးဘုရား ကြီးလေးဆူတို့တွင် တစ်ဆူအပါအဝင် ဖြစ်ပါသည်။ အသောကမင်းကြီးကောင်းမှု စေတီပေါင်း ရှစ်သောင်းလေးထောင်တွင် တစ်ဆူအပါအဝင်ဖြစ်သည်ဟုလည်း အဆိုရှိပြီး ဘုရားသမိုင်းစာအုပ်တွင် ပုဂံပြည့်ရှင် နရပတိစည်သူမင်းကြီးက မြန်မာသက္ကရာဇ် (၅၂၆ - အေဒီ ၁၁၆၄) ခုနှစ်တွင် တည်ထားကိုးကွယ်ခဲ့သည်ဟု ဆိုပါသည်။ ဗဒုံမင်းလက်ထက်မှာတွင် သားတော် ဥပရာဇာ ရွှေတောင်မြို့စားနှင့် မိဖုရားတို့က စေတီတော်ကြီးနှင့်တကွ ဇရပ်အဆောင်ဆောင်နှင့် မဟာတံတိုင်းကြီးတို့ကို အသစ်ပြုပြင်ပြီး ရွှေထီးအသစ်တင်လှူခဲ့ပါသည်။ ဘုရားပရိဝုဏ် အတွင်းတွင် ဘုရားစေတီပုထိုးများစွာ ဖူးမြော်နိုင်ပါသည်။ ဖူးမြော်နိုင်သော ဘုရားစေတီပုထိုးများမှာ - ရွှေဂူကြီးဘုရား၊ ရတနာကျော်မော် ရွှေသိမ်တော်ဘုရား၊ ဦးပေါ်ဦးဘုရား၊ အေးစေတီ၊ ရတနာကျော်မော်ဘုရား၊ ဆုတောင်းပြည့်ရတနာကျော်မော် ရွှေသာလျောင်းမြတ်စွာဘုရား၊ ရတနာကျော်မော် ချမ်းသာစွ မြနန်းရွှေဂူဘုရား၊ ရတနာကျော်မော် ချမ်းသာလှ မြစန်းရွှေဂူဘုရား၊ ရတနာကျော်မော် ဓိဋ္ဌာန်အောင် သုခမုနိချမ်းသာရဘုရား၊ ရတနာကျော်မော် ဓာတ်ပွင့်ဘုရား၊ အေးညိမ်းရန်ပြေဘုရား၊ သုံးဘုံချမ်းသာဘုရား၊ တဝရွှေဂူဘုရား၊ ပဒုမ္မာ ရွှေကုက္ကိုလ်အောင်ရတနာ ဆုတောင်းပြည့်ဘုရား၊ အနန္တဂုဏ်ရှင် ဆုတောင်ရဘုရား၊ ရွှေဆဒ္ဒန်ဘုရား၊ ရွှေဘုံသာဘုရား၊ ပွင့်တော်မူဘုရား၊ အယယမုနိဘုရား၊ ပြည်လုံးချမ်းသာမြစေတီဘုရား၊ ဇိနမာန်အောင်ဘုရား၊ ချမ်းသာကြီးဘုရား၊ ဝိသေသသုခဘုရား၊ ရတနာကျော်မော် နဂါးရုံဘုရား၊ ကျောက်စာဂူ၊ ဆံတော်ရှင်စေတီ၊ ရတနာမာန်အောင်စေတီ၊ ပိယဒဿီစေတီ၊ ရွှေစင်နန်းစေတီ၊ ရှေးဟောင်းအုတ်ပြဿဒ်၊ သုံးဆူတန်း၊ ဂဠန်မင်းဘုရား၊ ရှေးဟောင်းရေတွင်း စသည်တို့ဖြစ်ပါသည်။