ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ် (၃) ရပ်ကွက်၊ ဘိုးဘွားရိပ်သာအနီးတွင် တည်ရှိပါသည်။ လွန်ခဲ့သောနှစ်ပေါင်း ၁၀၀ ကျော်ခန့်ကာလအချိန်မှစ၍ စက်တော်ရာဘုရား သာသနာ့နယ်မြေတွင် မင်းဘူးမြို့ ရွှေစက်တော်ဘုရား ကိုယ်ပွားပုံတော်ဟန်များအတိုင်း တည်ထားခဲ့ပါသည်။ ထိုသို့တည်ထားရာတွင် ဉာဏ်တော်အမြင့် ၄၂ ပေခန့် ရပ်တော်မူဗျာဒိတ်ပေးရုပ်ပွားတော်မြတ်တစ်ဆူကိုလည်း တည်ထားခဲ့ပါသည်။ ထို့ပြင် ကိုးန၀င်းစေတီ၊ အထက်စက်တော်ရာ၊ အောက်စက်တော်ရာ၊ တရားဦးဓမ္မစကြာဟောတော်မူဟန်ပုံတော်၊ ၀ဋ်ကြွေးတော်ပြေဘုရား၊ ဓာတ်တော်တိုက် စသည်ဖြင့် ကြည်ညိုဖွယ်ရာ ဖူးမြင်နိုင်ပါသည်။