သံသေကပ်ကျော်ဆုတောင်းပြည့်မြတ်စွာဘုရား

Listing Description

သံသေကပ်ကျော်ဆုတောင်းပြည့်မြတ်စွာဘုရားသည် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့၊ မန္တလေး - စစ်ကိုင်းလမ်းမကြီး အနီး၊ ဆင်ကြိုရွှေကူဘုရား ပရိဝုဏ်အတွင်း၌ တည်ရှိပါသည်။ သက္ကရာဇ် ၁၁၇၇ ခုနှစ်တွင် ဗဒုံမင်းသည် ဗားမဲ့ဆရာတော်ဘုရားကြီး၏ သံသေဓာတ်လုံး ၂၇ လုံးဖြင့် သွန်းလုပ်ပူဇော်ခဲ့သည်ဟု သိရပါသည်။ ဆင်းတုတော်သည် ဉာဏ်တော်အမြင့် ၇ ပေ ၆ လက်မ၊ ဒူးခွင်အကျယ် ၅ ပေ ၄ လက်မ ရှိပြီး အလေးချိန် သံပိဿာ ၁၁၃၆၈ ပိဿာ ရှိပါသည်။ ဂန္ဓကုဋိစံကျောင်းတော်ကို ဗဒုံမင်း၏ မြောက်ရွှေရေးမိဖုရားမှ လှုဒါန်းဆောက်လုပ်ခဲ့ပြီး သံသေကပ်ကျော်ဘုရားကို ဗဒုံမင်းကိုယ်တိုင် ရေစက်သွန်းချကုသိုလ်ပြုလှုဒါန်းခဲ့ပါသည်။ ဗားမဲ့ဆရာတော်ဘုရားကြီး၏ သံသေဓာတ်ဖြင့် သွန်းလုပ်ခဲ့ခြင်း‌ကြောင့် ဆင်းတုတော် ၂၁ နေရာ၌ သံသေတော်မူ၍ သံလိုက်ခြင်း မရှိကြောင်း အံ့ဩ ကြည်ညိုဖွယ် တွေ့ရှိရပါသည်။