သမ္ဗုဒ္ဓေစေတီတော်နှင့် သတ္တဌာနဘုရား

Listing Description

အမရပူရမြို့၊ တောင်သမန်အင်းအနောက်ဘက်၊ ဦးပိန်တံတားအနောက်ထိပ်၊ တောင်မင်းကြီးဘုရား အနောက်မြောက်ဘက်တွင် တည်ရှိသည်။ ဗဒုံမင်း (ဘိုးတော်ဘုရား) လက်ထက် စာတော်ပြင်အရာရှိ ဦးပညာက အမရပူရမြို့ ကသည်းဈေးမှ တစ်နေ့လျှင် ခြောက်ပြားနှုန်း ဈေးကောက်ကောက်ကာ သတ္တဌာနစေတီကို တည်ထားခဲ့သည်ဟု သိရသည်။ စေတီတော်မှာ လိုဏ်ခံစေတီဖြစ်ပြီး စေတီတော် ဘေးတွင်လည်း ကွန်းတော်ပုံသဏ္ဌာန် ဂူလိုဏ်ပေါက် ၈၈၈ ခုအတွင်း၌ ဆင်းတုတော် တစ်ဆူစီ ပူဇော်ထားသော သဗ္ဗုဒ္ဓေစေတီတော်ကိုလည်း တည်ထားကိုးကွယ်ခဲ့သည်။ ထိုစေတီတော်များအပြင် အတွင်းအောင်ခြင်းရှစ်ပါး အပြင်အောင်ခြင်းရှစ်ပါးကို သရုပ်ဖော်ကာ တည်ထားသော အောင်ခြင်းရှစ်ပါး စေတီတော်ကိုလည်း တည်ထားခဲ့သည်။ ယခုအခါတွင် တောင်သမန်အင်း ဦးပိန်တံတားသို့ လာရောက်လည်ပတ်သူများအနေဖြင့်  ဦးပိန်တံတား အနောက်ထိပ် တောင်မင်းကြီးဘုရားအနီးတွင် စာတော်ပြင်အရာရှိ ဦးပညာက ဈေးကောက်ရငွေများဖြင့် တည်ထားခဲ့သော စေတီတော်များကို ကြည်ညိုဖွယ်ဖူးတွေ့နိုင်သည်။