အမရပူရနန်းတော်

Listing Description

အမရပူရသည် ကုန်းဘောင်ခေတ်၏ ထီးနန်းစိုက်ရာမြို့တော်ဟောင်းနှစ်ကြိမ် ဖြစ်ခဲ့ပါသည်။ ဘိုးတော်ဗဒုံမင်းလက်ထက်တွင် ခရစ်နှစ် ၁၇၈၃ ခုနှစ်မှ ၁၈၂၃ ခုနှစ်အထိ တစ်ကြိမ်၊ သာယာဝတီမင်း လက်ထက်တွင် ခရစ် နှစ် ၁၈၃၇ ခုနှစ်မှ ၁၈၅၇ ခုနှစ်အထိတစ်ကြိမ် ကုန်းဘောင်ခေတ်နေပြည်တော် နှစ်ကြိမ်ဖြစ်ခဲ့ပါသည်။ ၁၈၅၇ ခုနှစ် ဇန်နဝါရီတွင် မင်းတုန်းမင်းမှ နောင်တော်ဖြစ်သူ ပုဂံမင်းထံမှ ထီးနန်းကို လွှဲပြောင်းရယူပြီးနောက် နန်းတော်ကို မန္တလေးမြို့သို့ ပြောင်းရွေ့ခဲ့သည်။ မြို့တော်ကို မန္တလေးသို့ ရွေ့ပြောင်းပြီးနောက် ယနေ့အချိန်အထိ နန်းတော်ရာ တစ်ခုအနေဖြင့်သာ ကျန်ရစ်သည်။ ယနေ့အချိန်တွင် အမရပူရနန်းတော်ရာ၌ ထင်ရှားစွာ တည်ရှိနေသေးသော အဆောက်အအုံများအနက် ဘိုးတော်ဘုရား၏ ပြာသာဒ်ဂူ၊ ဘကြီးတော်ဘုရား၏ ပြာသာဒ်ဂူ၊ ကုန်းဘောင်မင်း၏ ပြာသာဒ်ဂူများလည်း ပါဝင်သည်။ ဘိုးတော်ဘုရား(ဗဒုံမင်း)၏ ပြသာဒ်ဂူဗိမာန်သည် နန်းမြို့ဟောင်းအရှေ့ဘက်ရှိ ရွှေစကားစေတီတော်၏ မြောက်ဘက်၌ တည်ရှိပါသည်။ ဘကြီးတော်စစ်ကိုင်းမင်း၏ အုတ်ပြသာဒ်စေတီသည် အမရပူရနန်းတော် အနောက်တောင်ထောင့်ရှိ ပြာသာဒ်ကြီးကျေးရွာ ရွှေလင်းပင်ဘုရားရှေ့ ကန်ပတ်လမ်းတွင်တည်ရှိပါသည်။ သာယာဝတီမင်း၏ အုတ်ဂူသည် အမရပူရနန်း မြို့ဟောင်းအလယ်၊ လက်ရှိတပ်တွင်းအထက်တန်းကျောင်း၏ မြောက်ဘက်တွင် ကပ်လျက်တည်ရှိပါသည်။