စစ်ကိုင်းမင်းဂူဗိမာန်

Listing Description

အမရပူရနန်းတော်ရာ အနောက်တောင်ထောင့် ပြသာဒ်ကြီးရွာ ရွှေလင်းပင်ဘုရားအရှေ့ဘက် လမ်းမကြီး၏ မြောက်ဘက်တွင် တည်ရှိသည်။ ပေ ၄၀ ပတ်လည်ရှိ ပရိဝုဏ်အတွင်း ပေ ၂၀ ခန့်ရှိ ကုလားကျောင်းခံမုခ်သုံးပေါက်စေတီ အလယ်တွင် ရုပ်ပွားတော် တည်ထားသည်။ အရှေ့ဘက်မျက်နှာစာတွင် ကျောက်စာ ရေးထိုးစိုက်ထူထားရှိသည်။