ဗုံးအိုးအလယ်ဗလီ

Listing Description

အမရပူရမြို့တောင်ဘက် ဗုံးအိုးရွာတွင် တည်ရှိပါသည်။ သက္ကရာဇ် ၁၁၄၆ ခုနှစ်တွင် မြို့ဝန်ဦးဘိုင်ဆပ်က ကျွန်းသားဖြင့် စတင်တည်ဆောက်ခဲ့ပါသည်။ အနည်းငယ် ယိုယွင်းပျက်စီးလာသောအချိန်တွင် ဦးပိန်တံတား အလှူရှင် ဦးပိန်က ပြန်လည်ပြုပြင်ခဲ့ပါသည်။ အင်္ဂလိပ်ခေတ်တွင် ဦးဟောင်ဇားက မြေအုတ်များဖြင့် တည်ဆောက်ခဲ့သည်။ ၁၉၅၂ ခုနှစ်တွင် ငလျင်ဒဏ်ကြောင့် ဗလီကြီး ပြိုကျပျက်စီးခဲ့သဖြင့် ဦးသင်က ပြန်လည်ပြုပြင် တည်ဆောက်ခဲ့သည်။ ၁၉၈၃ ခုနှစ်တွင် ရာပြည့်သခင် ခလီဖွာ ဦးမောင်ကြီးဦးစီး၍ ဗုံးအိုးရွာသူရွာသားများ ကောင်းမှုဖြင့် နှစ်ထပ်ဗလီကြီးအဖြစ် တိုးချဲ့ဆောက်လုပ်ခဲ့သည်။ ဗလီကြီးသည် သက်တမ်းကြာမြင့်လာသည်နှင့်အမျှ အောက်ခြေများ ဆွေးမြည့်လာသဖြင့် ယခုအခါ ခလီဖွာ ဦးသိန်းဝင်းအောင်(K.A.F.T.G)က ဦးဆောင်၍ ဆွေးမြည့်နေသော အောက်ခြေများကို သံတိုင်များ၊ ကွန်ကရစ်များထည့်၍ ရှေးမူမပျက် ပြန်လည်ပြုပြင်ထားပါသည်။