အိုးတော်ဗလီဟောင်း

Listing Description

အိုးတော်ဗလီဟောင်းသည် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ အိုးတော်ရပ်ကွက်၊ မန္တလေး - စစ်ကိုင်းလမ်း၊ သိမ်ကြီးဈေးအနီးတွင် တည်ရှိပါသည်။ ယခုအခါ ၎င်းဗလီအဆောက်အအုံ၏ အစိတ်အပိုင်း အချို့ကိုသာ လေ့လာတွေ့မြင်နိုင်ပါသည်။ ဗလီ၏ တောင်ဘက်နံရံနှင့် မြောက်ဘက်နံရံတို့ရှိ ပြူတင်းပေါက်များ၌ မြန်မာဘုရင်နန်းတော်၊ ဘုန်းကြီးကျောင်းနှင့် သိမ်ကျောင်းတို့တွင် တပ်ဆင်အသုံးပြုလေ့ရှိသော တုရင်၊ စိုင်ပေါင်၊ ပုစွန်တုတ်ခေါင်း၊ မော်တန်း၊ အဆော် စသည်ဖြင့် အင်္ဂါအစုံပါဝင်သော မုခ်ခုံးတံကဲကို ထိုပြူတင်းပေါက်များတွင် အနားကွပ်တပ်ဆင်ထားသည်ကို လေ့လာနိုင်ပါသည်။