ရွှေဘုန်းပွင့်စေတီတော်

Listing Description

ရွှေဘုန်းပွင့်စေတီတော်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကွန်းဒေသ၊ မင်းကွန်းတောင်ရိုး မိုးမိတ်ကုန်းမြေ၊ မိုးမိတ်စေတီတော်၏ အရှေ့မြောက်ထောင့် ကိုက် ၄၀ ခန့်အကွာတွင် တည်ရှိပါသည်။ ဘိုးတော်ဘုရား (ဗဒုံမင်း)၏သားတော် မင်းရဲရွှေတောင်ဘွဲ့နှင့် လွတ်တက် မဟာဓမ္မရာဇာဘွဲ့ခံ မိုးမိတ်မင်းသား၏ ဝင်းတော်မှူးက တည်ထားကိုးကွယ်ခဲ့ပါသည်။ မူလက တဝဂူ အုတ်ပြသာဒ်အတွင်းဝယ် အုတ်ရိုးဆင်းတု ဗုဒ္ဓရုပ်ပွားတော်ကို တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ပြီး နှစ်ကာလကြာမြင့်လာသောအခါ ငလျင်ဒဏ်၊ ရာသီဥတုဒဏ်တို့ကြောင့် ပျက်စီးယိုယွင်းသဖြင့် မြင်းခြံမြို့၊ ဂွေးကြီးရပ်နေ ဒေါ်အိုအိုနှင့် သား ကိုဘိုရှိ + မဗြားမိသားစုတို့က ယခင် တဝဂူထက် နှစ်ဆတိုးချဲ့၍ မူလပုံအတိုင်း ဂန္ဓာကုဋီကျောင်းကို ဆောက်လုပ်ကာ ထိုအထက်၌ စေတီတည်ပြီး မူလရှိရင်း အုတ်ဆင်းတုတော်ကြီးကို ရွှေပိန်းချ ပူဇော်ထားပါသည်။

သင်ကိုယ်တိုင် ပြင်ဆင် ဖြည့်စွက်ရန်

Listing Review

2021-08-26 16:22:53

🙏

🙏🙏🙏