ထူပါရုံစေတီတော်

Listing Description

စစ်ကိုင်းမြို့၏ ကျက်သရေဆောင် ထူပါရုံစေတီတော်ကြီးသည် စစ်ကိုင်းမြို့ ပိုးတန်းရပ်တွင် တည်ရှိပါသည်။ ထူပါရုံစေတီတော်ကြီးကို အင်းဝဘုရင် နရပတိမင်းက မြန်မာသက္ကရာဇ် ၈၀၆ ခုနှစ်တွင် သီဟိုဠ်ကျွန်းရှိ ထူပါရာမစေတီတော်နှင့် ပုံတော်တူဖြင့် အမြင့်သံတောင် ၁၃၅ တောင် ဉာဏ်တော် အမြင့်ဆောင်၍ သီဟိုဠ်မင်းမှ ပေးဆက်လာသည့် ဓာတ်တော်များဖြင့် တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်သည်။ စေတီတော်ကြီးမှာ မြန်မာသက္ကရာဇ် ၈၇၄ ခု၊ ၈၆၃ ခုနှင့် ၉၅၂ ခုနှစ်တို့တွင် ငလျင်လှုပ်ခတ်မှုများကြောင့် ပျက်စီးခဲ့သဖြင့် ၉၆၇ ခုနှစ်တွင် အနောက်ဘက်လွန်မင်းကြီးက ပြင်ဆင်မွမ်းမံခဲ့ပါသည်။ မြန်မာသက္ကရာဇ် ၁၂၀၀ ခုနှစ်တွင် ငလျင်ထပ်မံလှုပ်ခတ်ခဲ့မှုကြောင့် ပျက်စီးခဲ့ရာ ပုဂံမင်းက ၁၂၁၂ ခုနှစ်တွင် ပြန်လည်ပြုပြင်ခဲ့သည်။ ယင်းနောက် သဘာဝဘေးဒဏ်အမျိုးမျိုးကြောင့် ပျက်စီးခဲ့သဖြင့် ၁၃၂၉ ခုနှစ်တွင် စစ်ကိုင်းမြို့ ဒီပါဧမြဆရာတော် ဘဒ္ဒန္တနန္ဒာသီရိက တတိယပစ္စယံ၏ အပေါ်ပိုင်းကို ပြုပြင်တည်ဆောက်ကာရွေထီးတော်၊ ငှက်မြတ်နားတော်နှင့်စိန်ဖူး တော်တို့ကို တင်လှူပူဇော်ခဲ့ပါသည်။ ထို့နောက် မြန်မာသက္ကရာဇ် ၁၃၇၅ ခုနှစ်၊ ခရစ်သက္ကရာဇ် ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် ငလျင်ဒဏ်ကြောင့် စေတီတော်၏ လုံးပတ်တော်၌  အက်ကွဲကြောင်း ၁၅ နေရာ ဖြစ်ပေါ်ခဲ့သဖြင့် သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တအရှင် ဉာဏိဿရမှ မြန်မာသက္ကရာဇ် ၁၃၇၅ ခုနှစ် တပေါင်း လပြည့်နေ့မှစတင်၍ ကိုယ်လုံးတော်ပြည့် သံကွန်ချာအုပ်ပြီး ကျောက်၊သဲ၊ ဘိလပ်မြေတို့ဖြင့် အခိုင်အမာတည်ဆောက်ခဲ့ပြီး မြန်မာသက္ကရာဇ် ၁၃၇၇ ခုနှစ်၊ ခရစ်သက္ကရာဇ် ၂၀၁၆ ခုနှစ် မတ်လ ၁၆ ရက်နေ့တွင် စေတီတော်အထွတ်၌ ရတနာစိန်ဖူးတော်တင်လှူပူဇော် ခဲ့ပါသည်။ စေတီတော်၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် တော်သလင်းလပြည့်ကျော် ၈ ရက်နေ့တွင် ကျင်းပပါသည်။