ပါဒနက်သန်စက်တော်ရာစေတီ

Listing Description

ပါဒနက်သန်စက်တော်ရာစေတီတော်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကွန်းဒေသ၊ မင်းကွန်းပုထိုးတော်ကြီး၏ အရှေ့တောင်ဘက် ကိုက် ၃၅၀ ခန့်အကွာ ဧရာဝတီမြစ်၏ ကမ်းနဖူးာတွင် တည်ရှိပါသည်။ ဘိုးတော်ဘုရားသည် သက္ကရာဇ် ၁၁၅၈ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၂ ရက်နေ့တွင် ပါဒနက်သန် စက်တော်ရာ (ခြေတော်ရာ)ကို အမရပူရနန်းတော်မှ ပြည်ကြီးမွန် ဖောင်တော်ဖြင့် ပင့်ဆောင်ခဲ့၍ ၁၁၆၆ ခုနှစ် တန်ခူးလပြည့်ကျော် ၁၁ ရက်နေ့တွင် စတင်အုတ်မြစ်ချ ဆောက်လုပ်ခဲ့ရာ ၁၁၇၃ ခုနှစ် နယုန်လပြည့်ကျော် ၇ ရက်နေ့တွင် ထီးတော်တင်လှူဒါန်း ပြီးမြောက်ခဲ့ပါသည်။ ပုဂံမင်းလက်ထက်တွင် ငလျင်ဒဏ်ကြောင့် စေတီတော်ပြိုကျပျက်စီးသဖြင့် ၁၂၁၁ ခုနှစ် သီတင်းကျွတ်လဆန်း ၁၁ ရက်နေ့တွင် ပုဂံမင်းက ပြန်လည်ပြုပြင်မွမ်းမံခဲ့ပါသည်။ ထပ်မံငလျင်လှုပ်သောကြောင့် စေတီတော်ပြိုကျပျက်စီးပြန်ရာ ၁၃၂၉ ခုနှစ် တော်သလင်းလပြည့်ကျော် ၅ ရက်နေ့တွင် အများပြည်သူလှူဒါန်းမှုများဖြင့် ပြန်လည်ပြုပြင်ပြီးစီးခဲ့ပြီး ယခုအခါ ပါဒနက်သန်စက်တော်ရာစေတီတော်အား ကြည်ညိုဖွယ်ရာ ဖူးမြော်နိုင်ပါသည်။ စေတီတော်၏ ဘုရားကျောင်း အမြင့်မှာ ၂၅ ပေ ၃ လက်မရှိပြီး ပန်းတော်ခုံမှ ဆပ်သွားဖူးအထိ ဉာဏ်တော်အမြင့် ၆၂ ပေ ၆ လက်မရှိပါသည်။