ဗုဒ္ဓပြတိုက်နှင့် ယဉ်ကျေးမှုပြတိုက်

Listing Description

စစ်ကိုင်းဗုဒ္ဓပြတိုက်နှင့် ယဉ်ကျေးမှုပြတိုက်သည် စစ်ကိုင်းတောင်ရိုးသွား ကားလမ်းဘေး၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ မြောက်ဘက်၊ စစ်ကိုင်းမြို့ တွင်တည်ရှိသည်။  စစ်ကိုင်းဗုဒ္ဓပြတိုက်နှင့် ယဉ်ကျေးမှုပြတိုက်ကို စစ်ကိုင်းတိုင်းဒေသကြီးအေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီမှ ၁၉၉၅ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့တွင် စတင်ဆောက်လုပ်ခဲ့ရာ ၁၉၉၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင်ဖွင့်လှစ်ပြီး ယဉ်ကျေးမှုဝန်ကြီးဌာနသို့ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့တွင် လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ မြေဧရိယာအကျယ်အဝန်းမှာ ၇.၁၈ ဧက ကျယ်ဝန်းပြီး စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ စုဆောင်းရရှိသော ရှေးဟောင်းပစ္စည်းများနှင့် ပြည်သူလူထုမှ လှူဒါန်းထားသော ပစ္စည်းများ ခင်းကျင်းပြသထားလျက်ရှိပါသည်။ ပြတိုက်ဝင်ကြေးအနေဖြင့် နိုင်ငံသားအခမဲ့နှင့် နိုင်ငံခြားသား တစ်ဦးလျှင် ၅၀၀၀ ကျပ် သတ်မှတ်ထားပြီး နေ့စဉ် နံနက် ဝ၉:၃၀ နာရီ မှ ညနေ ဝ၄:၃၀ နာရီအထိ ဖွင့်လှစ်ပြသလျက်ရှိကာ တနင်္လာနေ့နှင့် ပြန်တမ်းဝင်ရုံးပိတ်ရက်များတွင် ပြတိုက်ပိတ်ပါသည်။