မရှိခဏစေတီတော်

Listing Description

မရှိခဏစေတီတော်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ နန်းဦးမြို့သစ်ရပ်ကွက်၊ မင်းဝံတောင်ညွန့် ကုန်းမြင့်အထက်တွင် ကိန်းဝပ်စံပယ်တော်မူလျက်ရှိပါသည်။ သက္ကရာဇ် ၇၂၆-ခုနှစ်၊ အင်းဝနန်းစံ သတိုးမင်းဖျားလက်ထက်၊ ထင်ရှားကျော်စောလှသည့် စစ်ကိုင်းရေဝန် အရပ်သား သူခိုးကြီး ငတက်ပြား တည်ထားကိုးကွယ်ခဲ့ပြီး သူခိုးကြီးငတက်ပြားသည် ဘုရားတည်စဉ် ငွေလိုက ခဏသာဖြစ်သည်ကို အစွဲပြု၍ မရှိခဏစေတီဘွဲ့အမည် ဆက်ကပ်ခဲ့သည်ဟု အစဉ်အလာအားဖြင့် ယုံကြည်ကြသည်။ အချို့ကလည်း သက္ကရာဇ် ၇၈၈-ခုနှစ် အင်းဝနန်းစံ မိုးညှင်းမင်းတရားကြီး၏ သူရဲကောင်း ရာဇသင်္ကြန်က တည်ထားခဲ့ပြီး စေတီတော်အား "မဟီယင်္ဂဏ"ဟု ဘွဲ့အမည် ဆက်ကပ်ခဲ့သည်ဟု ယူဆကြပါသည်။ မူလစေတီတော်မှာ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သဖြင့် ၁၃၅၅ ခုနှစ်တွင် စေတနာရှင်များက ယခုဖူးမြင်နေရသည့် ပုံစံတော်အတိုင်း ပြန်လည်တည်ထားခဲ့ကြပါသည်။