စေတီလှစေတီတော်

Listing Description

စေတီလှစေတီတော်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ လေးကျွန်းအောင်မြေရပ် အနောက်ဘက် မင်းဝံတောင်စွယ်ပေါ်တွင် တည်ရှိပြီး စစ်ကိုင်းမြို့နှင့်အတူ တွဲဖက်ကာ ထင်ရှားသည့် သမိုင်းဝင် စေတီတစ်ဆူဖြစ်ပါသည်။ စေတီလှသည် စစ်ကိုင်းမြို့တည်နန်းတည် ကိုးဌာနတွင် တစ်ဆူအပါအဝင်ဖြစ်သော စေတီဖြစ်ပြီး သက္ကရာဇ် ၆၇၇ ခုနှစ်တွင် အသင်္ခယာစောယွန်းက စစ်ကိုင်းမြို့ကို စတင်တည်စဉ်ကပင် တည်ထားခဲ့သော စေတီတော်ဖြစ်ပါသည်။ လက်ရှိကာလတွင် "စစ်ကိုင်းအစ စေတီလှ"ဟု ညွှန်းဆိုထားသော သမိုင်းဝင်စေတီလှမှာ ပြန်လည်ပြုပြင်မွမ်းမံ ထိန်းသိမ်းထားသည့်အတွက်  ကြည်ညိုဖွယ် ဖူးမြော်နိုင်ပါသည်။