ဇေတဝန်စေတီတော်

Listing Description

ဇေတဝန်စေတီတော်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းတောင်ခြေအနီးတွင် တည်ရှိပြီး စစ်ကိုင်းမြို့တွင် သက်တော်ဝါတော်အကြီးဆုံးစေတီတော် ဖြစ်ပါသည်။ မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်ကပင် ဒေသစာရီခရီး ကြွတော်မူလာရာ ဇေတဘီလူးနှင့် ကိုးကျိပ်သော ဘီလူးအပေါင်းတို့ မြတ်စွာဘုရားရှင်၏ တရားရေအေးများ တိုက်ကျွေးမှုကြောင့် သောတာပန် ဖြစ်ခဲ့ကြပါသည်။ ဇေတဘီလူး တည်ထားကိုးကွယ်ခဲ့သော စေတီဖြစ်၍ ဇေတဝန်ဘုရားဟုခေါ်တွင်ကြပြီး ဘီလူးများ သောတာပန်တည်သော နေရာကို ယနေ့ထက်တိုင် သောတာပန် ရပ်ကွက်ဟု ခေါ်တွင်ကြပါသည်။ စေတီတော်၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် ဝါဆိုလကွယ်နေ့၌ ကျင်းပပါသည်။