ကံတလူဘုရား

Listing Description

စစ်ကိုင်းမြို့နယ်၊ မန္တလေး-မုံရွာလမ်း၊ ဗြဲတရောရွာအနီးတွင် တည်ရှိသည်။ သာသနာနှစ် ၁၉၈၆ခုနှစ် ကောဇာသက္ကရာဇ် ၈၀၄ ခု (အေဒီ.၁၄၄၂ခုနှစ်) အင်းဝခေတ်တွင် တောင်တွင်းမင်းကြီးဟု ထင်ရှားသော တောင်တွင်းမင်း သီရိဇေယျသူရနှင့် မိဖုရားစောပြည့်ချမ်းသာတို့ တည်ထားကိုးကွယ်ခဲ့သည်။ မူလဘုရားဘွဲ့တော်မှာ မြနန်းဘုရားဟုဘွဲ့တော်ရှိပြီး ကုန်းဘောင်ခေတ် နောက်ပိုင်းတွင် ဘိုးတော်ဗဒုံမင်း အောင်မြေနင်းခဲ့ရာမှစ၍ မဟာအောင်မြေဆုတောင်းပြည့်ကံတလူဘုရားဟု ထင်ရှားလာခဲ့သည်။ နှစ်ကာလကြာမြင့်လာသောအခါ ငလျင်ဒဏ်၊ ရာသီဥတုဒဏ်တို့ကြောင့် ခြုံနွယ်များ ဖုံးအုပ်လျက်ပျက်စီးခဲ့ရသည်။ ကောဇာသက္ကရာဇ် ၁၃၄၀ ခုနှစ် (အေဒီ ၁၉၇၈ခုနှစ်)တွင် နက္ခတ်ဗေဒပညာရှင် ကုန်းရွာဇာတိ ဒါယကာကြီး ဆရာကြီးဦးသင်းက ခြုံနွယ်များရှင်းလင်း၍ စေတီတော်ကြီးကို အသစ်ပြန်လည်ပြုပြင်ကာ အာရုံခံဂန္ဓကုဋိ ကျောင်းတော်ကြီးကိုလည်း အများပြည်သူကုသိုလ်ပါဝင်မှုဖြင့် တည်ဆောက်လှူဒါန်းခဲ့ပါသည်။