ရှင်ပင်ပွင့်လင်းဘုရား

Listing Description

ရှင်ပင်ပွင့်လင်းဘုရားသည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့ဟောင်း၊ ကန်တော့ပလ္လင်ဘုရားမြောက်ဘက်တွင် တည်ရှိပါသည်။ ရှင်ပင်ပွင့်လင်းဘုရားသည် ကန်တော့ပလ္လင်ဘုရားသမိုင်းနှင့် ဆက်စပ်လျက်ရှိပါသည်။ အလောင်းစည်သူမင်းသည် ဘေးတော်၊ ဘိုးတော် မင်းကောင်းမင်းမြတ်တို့ကို ဝဇီကံအားဖြင့် ပြစ်မှားပြောဆိုမိ၍ မျက်စိနှစ်ကွင်း အလင်းကွယ်ခဲ့ပြီး ပုဏ္ဏားတို့၏အကြံပေးချက်အရ ဘေးတော်၊ ဘိုးတော် မင်းမြတ်တို့၏ ပုံတူရုပ်တုများပြုလုပ်၍ ယခုကန်တော့ပလ္လင်ဘုရားတည်ရှိရာမြေပေါ်တွင် ရှိခိုးကန်တော့ခဲ့ပြီး ထိုနေရာမှ မြောက်အရပ်သို့ထွက်ခွာသော် ယခု ရှင်ပင်ပွင့်လင်းဘုရားတည်ရှိရာနေရာသို့ရောက်ချိန်၌ မျက်စိနှစ်ကွင်း အလင်းပြန်ရခဲ့သဖြင့် ရှင်ပင်ပွင့်လင်းဘုရားတည်ထားခဲ့သည်ဟု ဆိုပါသည်။