ကျောက်နဂါးစေတီ

Listing Description

ကျောက်နဂါးစေတီသည် မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့၏ မြောက်ဘက် ၆ မိုင်ခန့်ကွာဝေးသော ကျောက်နဂါးကျေးရွာတွင် တည်ရှိပါသည်။ အတောင် ၅၄ တောင် မြင့်မားသည့် နဂါးပါးပျဉ်းထောင်နေသည့်သဏ္ဌာန် သဘာဝကျောက်ဆောင်ကြီးပေါ်တွင် စေတီတော်တစ်ဆူ တည်ထားပြီး စေတီတော်ကိုလည်း ကျောက်နဂါးစေတီ (နဂါးအောင်စေတီ)ဟူ၍ ခေါ်ဆိုသမုတ်ကြပါသည်။ ယင်းကျောက်နဂါးသဏ္ဌာန် ကျောက်ဆောင်ကြီးကို အစွဲပြု၍ အနီးရှိကျေးရွာကိုလည်း ကျောက်နဂါးရွာဟု ခေါ်တွင်ကြပါသည်။