ကျိုက္ကမော့လေးစေတီတော်

Listing Description

မွန်ပြည်နယ်၊ မုဒုံမြို့၊ မြို့မ (၄) ရပ်ကွက်၊ တောင်ကုန်းပေါ်တွင် တည်ရှိသည့် ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်စေတီ တစ်ဆူဖြစ်ပါသည်။ စေတီတော်သမိုင်းအရ မြတ်စွာဘုရားရှင် သထုံပြည်သို့ ဒေသစာရီကြွချီလာစဉ် ရသေ့ခြောက်ပါးအား ဆံတော်များ ပေးအပ်ချီးမြှင့်ခဲ့ရာ စန္ဒရသေ့သည် နောင်တော်စောဖားမင်းနှင့် တိုင်ပင်ကာ မိမိရရှိသော ဆံတော်ဓာတ်ကို ဌာပနာ၍ ကျိုက္ကမော့လေးစေတီကို တည်ထားကိုးကွယ်ခဲ့သည်ဟု သိရပါသည်။ ဘုရားပွဲတော်ကို နှစ်စဉ် တန်ဆောင်မုန်းလပြည့်နေ့၌ စည်ကားစွာ ကျင်းပပါသည်။