ရှင်မထီးဘုရား

Listing Description

ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်ရင်ပြင်တော် တနင်္ဂနွေထောင့်ရှိ နောင်တော်ကြီးစေတီ၏မြောက်ဘက် အာရုံခံတန်ဆောင်းဖြစ်သော ရှင်မထီးတန်ဆောင်းအတွင်း တည်ရှိသည်။ တန်ဆောင်း၏ ကုသိုလ်ရှင်အမည်များကို အစွဲပြု၍ ဦးစံဖြူ ဒေါ်သာနုတန်ဆောင်ဟုလည်းခေါ်သည်။ ထိုတန်ဆောင်းအတွင်းမှ တောင်ဘက်နံရံရှိ အကြီးဆုံး ရုပ်ပွားတော်ဖြစ်သော ရှင်မထီးဘုရားသည် သရဘဂု ရှင်ရသေ့၏တပည့် ရှင်မထီးဆရာတော် တည်ခဲ့သည်ဟု ဆိုသည်။ ဆင်းတုတော်ကို တည်ခဲ့သော ရှင်မထီး ဆရာတော်ကို ဗားထီးဆရာတော်ကြီး ဟုလည်း ခေါ်ကြ၏။ ရှင်မထီးဆရာတော်သည် မွန်လူမျိုးဖြစ်၍ သုဝဏ္ဏဘူမိ သထုံပြည်မှ ပေါက္ကံရာမ ပုဂံနေပြည်တော်သို့ အဂ္ဂိရတ်ပညာ သင်ကြားရန် ကြွလာသည် ဟု အဆိုရှိသည်။ ရှေးနှစ်ပေါင်း ၁၀၀၀ ကျော်ခန့်က တည်ခဲ့သည်ဟုဆိုသော ရှင်မထီးရုပ်ပွားတော်သည် ရွှေတိဂုံစေတီတော်၏ ပေါက်ကိုးဆူ နဝင်းရုပ်ပွားတော်ကြီး ကိုးဆူတွင် တစ်ဆူပါဝင်ပါသည်။ ပုဂံဓာတ်ကျမ်း၊ အဂ္ဂိရတ်စခန်းများ လျှို့ဝှက်ဌာပနာထားရာ ရုပ်ပွားတော်ကြီးဟု အဆိုရှိသည်။