ရဲရွာတာတမံ

Listing Description

ရဲရွာရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် တည်ရှိသည်။ စီမံကိန်း၏ဧရိယာအချို့သည် ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် ပါဝင်သော်လည်း စက်ရုံ၏အဓိကအဆောက်အဦးများမှာ ကျောက်ဆည်ဘက်ခြမ်းတွင် ပါဝင်သည်။ မန္တလေးမြို့မှ အရှေ့တောင်ဘက် ၃၁ မိုင်ခန့်အကွာတွင် တည်ရှိသည်။ စက်ရုံသို့ရောက်ရှိရန် လမ်းနှစ်သွယ်ရှိကာ ပထမလမ်းမှာ မန္တလေး-လားရှိုးလမ်း ၁၆ မိုင်အနီးမှ ရဲရွာစက်ရုံသို့ခွဲသောလမ်းနှင့် ကျောက်ဆည်မြို့အနီး ရန်ကုန်-မန္တလေးလမ်းမှ ဘယ်လင်း-ရဲရွာ လမ်းတို့ဖြစ်သည်။

ရဲရွာ ရေအား လျှပ်စစ် စီမံကိန်းကို ၂၀၀၁-၂၀၀၂ ခုနှစ်၌ စတင်ခဲ့ပြီး ဒီဇိုင်း အားလုံးပြီးအောင် စောင့်ဆိုင်းခြင်း မပြုဘဲ ဒီဇိုင်း တစ်ခုရလျှင် တစ်ခု စတင် ဆောက်လုပ်သည့် စနစ်ဖြင့် စတင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ရဲရွာ တမံသည် ပထမဦးဆုံးသော RCC တမံ အမျိုးအစား ဖြစ်ပြီး ရေလွှဲ ဥမင် နှစ်ခု၊ အချင်း ၃၃ ပေ၊ အလျား၃၁၁၇ ပေ၊ တမံ အလျား ၂၂၆၄ ပေ၊တမံ အမြင့် ၄၃၃ ပေ၊ ကန်ရေပြည့် ရေလှောင် ပမာဏ ဧကပေ ၂ ဒသမ ၁၁၄ သန်း၊ ရေပိုလွှဲ အကျယ် ၄၄၈ ပေ၊ရေအား အမြင့် Head ၂၉၉ ပေ၊ လျှပ်စစ် တပ်ဆင်အား စက်တစ်လုံးလျှင် ၁၉၇ ဒသမ ၅ မဂ္ဂါဝပ်ဖြင့် စက်လေးလုံး မဂ္ဂါဝပ် ၇၉ဝ တပ်ဆင်လျက် တစ်နှစ်လျှင် လျှပ်စစ် ကီလိုဝပ် နာရီ သန်းပေါင်း ၃၅၅ဝ သန်း ထုတ်လုပ်ပေးနိုင်မည့် စီမံကိန်းကြီး ဖြစ်သည်။

အသေးစိတ်ဖတ်ရှုရန်