ရွှေတောင်ထီးစေတီတော်

Listing Description

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ရွှေသိမ်တော်ဘုရား အရှေ့မြောက်ဘက် ရွှေသိမ်တော်တောင်ကုန်းပေါ်တွင် တည်ရှိပါသည်။ ၂၀၁၆ ခုနှစ် ဇွန်လတွင် ဘုရားအောက်ခြေများ ပြိုကျပျက်စီးလာသဖြင့် တောင်လွယ်ကျေးရွာမှ ရွာသားများက သွားရောက်ပြုပြင်ရာမှ မူလစေတီရာများ တွေ့ရှိရသဖြင့် ရှေးဟောင်းကျွမ်းကျင်သူ ပညာရှင်များအားပြသရာ စေတီတော်သည် အနော်ရထာမင်း တည်ထားခဲ့သည့် ရှေးဟောင်းစေတီတစ်ဆူအား ငုံ၍တည်ထားခဲ့သည့် စေတီဖြစ်ကြောင်း သိရှိရပါသည်။ သက္ကရာဇ် ၆၃၀ ဝန်းကျင်တွင် ဥဇနာမင်းက ထပ်မံပြုပြင်ခဲ့ပါသည်။ ထို့နောက်ပိုင်းတွင် ဒေါ်သိန်းညွန့်က မူလစေတီဟောင်းပေါ်တွင် ပစ္စယံငါးဆင့်ပါ စေတီတော်ကို ထပ်မံတည်ထားခဲ့သည့်အတွက် လက်ရှိကာလတွင် စေတီအသစ်ပုံစံ ဖူးမြော်မြင်တွေ့ရပါသည်။