ဦးစံထွား (၁၉၀၃ -၁၉၉၆)

Listing Description

ဆရာကြီး ဦးစံထွားကို ၁၉၀၃ ခု၊ ဩဂုတ်လ ၂၅ ရက်နေ့တွင် မော်လမြိုင်မြို့ ၊ ဒိုင်းဝန်ကွင်း၊ ဆီဆုံရပ်၌ အဖ ဦးသာစည်နှင့် အမိ ဒေါ်ရီရီတို့မှ ဖွားမြင်သည်။ ငယ်စဉ်ကပင် မိဘနှစ်ပါး ကွယ်လွန် အနိစ္စရောက်သောကြောင့် ဆွေမျိုးများ ခွဲဝေတာဝန်ယူ စောင့်ရှောက်ခဲ့ရသည်။ ငယ်စဉ်က ဆီဆုံရပ် အနီးရှိ ခေတ်တန်းရပ်တွင် ရှိသော မြန်မာမူလတန်းကျောင်း၌ စတင် ပညာသင်ယူခဲ့ရသည်။ ထို့နောက် ဘုရင်ဂျီ ဘုန်းကြီးကျောင်း (St Patrick’s Institution) သို့ ပြောင်းရွှေ့သင်ကြားသည်။ ၁၉၂၀ ပြည့်နှစ်တွင် ကျင်းပသော ဒသမတန်းတွင် အမှတ်အများဆုံး ကျောင်းသား ၂၀ တွင် ပါဝင်သောကြောင့် ကောလိပ်ပညာသင်ဆု ရရှိသည်။ ရန်ကုန်တက္ကသိုလ် ပထမဆုံး ကျောင်းသားသပိတ်တွင် သပိတ်မှောက် ကျောင်းသား များနှင့် အတူ တက်ကြွစွာ ပါဝင် လှုပ်ရှားခဲ့သည်။ အမျိုးသား ပညာရေး ကောင်စီက သတ္တမတန်းနှင့် ဒသမတန်း စာမေးပွဲများကို မတ်လတွင် စစ်ရန် ကြေညာခဲ့သည်။ ထို့ကြောင့် သတ္တမတန်းနှင့် ဒသမတန်းများကို စာသင်ပေးရန် တက္ကသိုလ် ကျောင်းသား ဦးစံထွားသည် ကျောင်းဆရာဘဝသို့ ကူးပြောင်းသွားသည်။ ဤသို့ဖြင့် အမျိုးသား ကျောင်းဆရာ ဘဝကို စတင်ခဲ့ပေသည်။

ဆရာကြီး ဦးစံထွားသည် ကျောင်းဆရာတာဝန် တစ်ဖက်နှင့်ပင် ကာလကတ္တား တက္ကသိုလ်မှ စစ်ဆေးသော ဥပစာတန်းနှင့် ဝိဇ္ဇာတန်းများကို ဝင်ရောက် ဖြေဆိုရာ ၁၉၂၉ ခုနှစ်တွင် ဝိဇ္ဇာတန်း(B.A)ကို ဝင်ရောက် ဖြေဆိုအောင်မြင်ခဲ့သည်။ ဒုတိယတန်း ရှေ့နေစာမေးပွဲကိုလည်း အောင်မြင်သည်။ ဝိဇ္ဇာတန်း အောင်မြင်ပြီး အထက်တန်း ဆရာ ဖြစ် သင်တန်းကို ဝင်ရောက်ဖြေဆိုရာ အောင်မြင်ပြန်သည်။ ရန်ကုန်တက္ကသိုလ်တွင် ဖွင့်လှစ်သော ဘီအယ်လ် (B.L) သင်တန်းကို အချိန်ပိုင်းတက်ရောက် ပြီး ဖြေဆိုရာ ၁၉၃၆ ခုနှစ်တွင် (B.L) စာမေးပွဲကို အောင်မြင်ခဲ့ပြန်သည်။ ဒုတိယ ကမ္ဘာစစ်ကြီးပြီးနောက် မြန်မာနိုင်ငံ အထက်တန်းကျောင်းများတွင် အခြေခံ ကမ္ဘာ့သမိုင်းကို သင်ကြားရန် ပြဋ္ဌာန်းလိုက်သည်။ သို့သော် သင်ကြားရန် စာအုပ် လိုအပ်နေသဖြင့် ဆရာကြီး ဦးစံထွားသည် အခြေခံ ကမ္ဘာ့သမိုင်းကို ‘လောကီထုပ္ပတ် လူတို့ဇာတ်’ အမည်ဖြင့် ဘာသာပြန် ထုတ်ဝေခဲ့သည်။ ဆရာကြီး ပြုစုသော အဆိုပါ စာအုပ်မှာ ၁၉၄၇ ခုနှစ်တွင် အကောင်းဆုံး ကျောင်းသုံး စာအုပ်ဆု ချီးမြှင့်ခြင်း ခံရသည်။

ဆရာကြီးသည် မြို့မ အမျိုးသားကျောင်းတွင် ကျောင်းဆရာအဖြစ် (စစ်အတွင်း ခရိုင်ပညာရေးမှူး ဘဝအပါအဝင် )( ၂၈ ) နှစ်မျှ အမှုထမ်းခဲ့သည်။ ထို့နောက် စာပေဗိမာန်တွင်လည်း ဒုစာတည်းမှူး၊ စာတည်းမှူး ၊ အုပ်ချုပ်ရေးမှူး စသည်ဖြင့် ၁၉၄၈ မှ ၁၉၆၅ ခုနှစ်အထိ ၁၇ နှစ်ကြာမျှ အဆင့်ဆင့် ထမ်းရွက်ခဲ့သည်။

ဆရာကြီး ဦးစံထွားသည် အမှတ် ၃၉ အေ၊ အင်းလျားမြိုင်လမ်း၊ ရွှေတောင်ကြား ၁ ရပ်ကွက်၊ ဗဟန်းမြို့နယ်တွင် နေထိုင်ရင်း စာပေများကို လေ့လာလျက်ရှိစဉ်အတွင်း ၁၉၉၆ ခု ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ကွယ်လွန်သွားခဲ့သ