ဗိုလ်ချုပ်ပန်းခြံ (ကျောက်ဆည်)

Listing Description

ဗိုလ်ချုပ်ပန်းခြံသည် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ ကြက်မင်းတွန်ရပ်ကွက်တွင် တည်ရှိပါသည်။ ယခင်က စည်ပင်သာယာရေးပန်းခြံဟုခေါ်ဝေါ်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ပန်းခြံအတွင်း ဗိုလ်ချုပ်ကြေးရုပ်ကို အောင်မြင်စွာစိုက်ထူနိုင်ခဲ့ပြီး ဗိုလ်ချုပ်ကြေးရုပ်ဖွင့်ပွဲကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဖွင့်လှစ်ပေးခဲ့ကာ ပန်းခြံကိုလည်း ဗိုလ်ချုပ်ပန်းခြံဟု အမည်ပြောင်းလဲဖွင့်လှစ်ခဲ့ပါသည်။