စိန်သာလျောင်း (ပဲခူး)

Listing Description

စိန်သာလျောင်းရုပ်ပွားတော်မြတ်ကြီးသည် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ကတွင်းခြံကျေးရွာတွင် တည်ရှိသည့် ဉာဏ်တော်အလျား ၁၃၄ ပေ ၆ လက်မနှင့် အမြင့် ၂၈ ပေ ၉ လက်မရှိသည့် ရုပ်ပွားတော်မြတ်ကြီးတစ်ဆူဖြစ်ပါသည်။ ပဲခူးမြို့အထွက်၊ ပဲခူး သနပ်ပင်ကားလမ်း၏ လက်ယာဘက်လမ်းခွဲအတိုင်း သွားရောက်နိုင်ပါသည်။ ပုဂံစောနစ်မင်းနှင့် ပဲကူးဘုရင်ခံ ဒုတိယမြောက် မိဂါဒိပ္ပတို့တည်ထားခဲ့ပြီး  သက္ကရာဇ် (၉၉၄-၁၀၀၄)ခုနှစ်အတွင်း တည်ခဲ့သည်ဟု ခန့်မှန်းကြရပါသည်။ ၎င်းဆင်းတုကို ကလျာဏီကျောက်စာ၌ ပါဋ္ဌိဘာသာဖြင့်(မဟာဗုဒ္ဓရူပ)ဟု ရေးထိုးခဲ့ပါသည်။ ၁၈၁၁ ခုနှစ်တွင် ပဲခူးမြို့ အရေးပိုင်ရုံး၊ ဝန်ထောက်ဦးဖြူနှင့် အမှုထမ်းများပါဝင်သည့် မဟာဒုက်အသင်းက ခြုံနွယ်သစ်ပင်များ ဖုံးအုပ်နေသော ရုပ်ပွားတော် ကို ပြန်လည်ပြုပြင်ပြီးသောအခါ စိန်သာလျောင်းဟု ဘွဲ့အသစ် ဆက်ကပ်ခဲ့ကြပါသည်။