အဘယရာဇမုနိရုပ်ပွားတော်မြတ်ကြီး

Listing Description

အဘယရာဇမုနိရုပ်ပွားတော်မြတ်ကြီးသည် ကျိုင်းတုံမြို့အရှေ့ဘက် ၁၅ မိုင်ခန့်အကွာ ပွန်ကဲတောင်ပေါ်တွင် တည်ရှိပါသည်။ ၂၀၁၆ခုနှစ် နိုဝင်ဘာ ၈ရက်နေ့မှ စတင်တည်ဆောက်ကာ၂၀၁၈ခုနှစ်၊ ဇန်နဝါရီ ၃၁ရက်နေ့တွင် အောင်မြင်စွာ တည်ထားကိုးကွယ်ခဲပါသည်။ အေးချမ်းသည့် အတိတ်နိမိတ်ကိုဆောင်သော အဘယမုဒြာပုံစံဖြင့် အဘယရာဇမုနိ ရုပ်ပွားတော်မြတ်ကြီးသည် ဘုရားပုရဝုဏ် ရင်ပြင်တော်အကျယ် အလျား ၁၈၀ ပေ၊ အနံ ၁၅၀ ပေ ကျယ်ဝန်းပြီး ပလ္လင်တော်အမြင့် ၁၈ ပေ၊ ဉာဏ်တော်အမြင့် ၅၄ ပေ၊ စုစုပေါင်း ၇၂ပေ အမြင့် ရှိပါသည်။ ရုပ်ပွားတော်မြတ်ကြီး၏ အောက်ခြေတော်ပလ္လင်အတွင်း ဗုဒ္ဓဝင်ကျောက်ထွင်း ပန်းချီကားချပ်များကို စကျင်ကျောက် များဖြင့်ထုဆစ်ပူဇော်ထားပြီး ကိုယ်လုံးတော်အတွင်းပိုင်းတွင် တရားဘာဝနာပွားများအားထုတ်နိုင်ရန်အတွက် ကြမ်းခင်းများအား ကြွေပြားများနှင့်ပါကေးခင်းထားပြီး အလင်းပေါက်များအားစတီးမှန်တံခါးများ တပ်ဆင်ထားပါသည်။ ထို့အတူ ငြိမ်းချမ်းသာယာဖွံ့ဖြိုးရေးခေါင်းလောင်းတော်ကြီးကိုလည်း ကြေးပိဿာချိန် ၆၀၀ ဖြင့်သွန်းလောင်း၍ မေတ္တသုတ်တော်အား ရေးထွင်းပူဇော်ထားပါသည်။