ဝရဓာတုစေတိယစွယ်တော်မြတ်စေတီတော်

Listing Description

ဝရဓာတုစေတိယစွယ်တော်မြတ်စေတီတော်သည် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အမှတ် ၅ ရပ်ကွက်တွင် တည်ထားကိုးကွယ်ထားပါသည်။ ၁၉၉၄ ခုနှစ်တွင် တရုတ်နိုင်ငံမှ ဗုဒ္ဓစွယ်တော်မြတ်အား ပင့်ဆောင်ပူဇော်စဉ်အတွင်း ၄၅ ရက်တိုင်တိုင် ရင်ငွေ့တော်ခိုလှုံခဲ့ပြီး ဆင့်ပွားရအပ်သော စွယ်တော်မြတ်နှစ်ဆူဖြင့် ရန်ကုန်တွင် စေတီတစ်ဆူနှင့် မန္တလေးတွင် စေတီတစ်ဆူ တည်ထားခဲ့ပါသည်။ ၁၉၉၆ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ဝရဓာတုစေတိယစွယ်တော်မြတ်စေတီတော်ကြီးကို ထီးတော်တင်လှူ ပူဇော်ခဲ့ပါသည်။