ဘုရင့်နောင်တံတား အမှတ် (၂)

Listing Description

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် နှင့် လှိုင်သာယာအရှေ့ပိုင်းမြို့နယ်ကို ဆက်သွယ်ထားကာ လှိုင်မြစ် ကို ဖြတ်ကျော်တည်ဆောက်ထားသော တံတားဖြစ်သည်။ ၂၀၁၃ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။ တံတားအမျိုးအစားမှာ ပင်မတံတား အောက်ထည် Bored Pile အုတ်မြစ်နှင့် အပေါ်ထည် သံမဏိ သံပေါင်၊ ချဉ်းကပ်တံတား အောက်ထည် Bored Pile အုတ်မြစ်နှင့် အပေါ်ထည် Steel Plate Girder/ P.C Girder + သံကူကွန်ကရစ် တို့ဖြင့် တည်ဆောက်ထားပြီး ပင်မတံတားအရှည် ၁,၆၂၈.၀၃ ပေ (၄၉၆.၂၂ မီတာ)၊ ချဉ်းကပ်တံတား အရှည်မှာ ဘုရင့်နောင်ဘက်ကမ်း ၈၁၉.၃၆၂ ပေ (၂၄၉.၇၄၂ မီတာ)၊ လှိုင်သာယာ ဘက်ကမ်း ၁,၆၅၇.၁၃၄ ပေ (၅၀၅.၀၉၄ မီတာ) ရှိပြီး စုစုပေါင်း တံတားအရှည် ၄,၁၀၃.၅၃ ပေ (၁,၂၅၀.၇၆ မီတာ)၊ ယာဉ်သွားလမ်းအကျယ် လေးလမ်းသွား ၄၈ ပေ၊ လူသွားလမ်း တစ်ဘက်လျှင် ၆ ပေ စီ ပါရှိပြီး ရေလမ်းကင်းလွတ်အကျယ် ၃၇၀ ပေ၊ အမြင့် ၃၆ ပေရှိ၍ ယာဉ်တစ်စီးချင်း ခွင့်ပြုအလေးချိန် ၇၅ တန် ဖြစ်သည်။ ဘုရင့်နောင်တံတား အမှတ် (၂) တံတားအနီးတွင် ဘုရင့်နောင်တံတား အမှတ် (၁) ရှိသည်။