ရှေးဟောင်းမီးသတ်ယာဉ်များပြတိုက် (Myanmar Fire Museum)

Listing Description

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ အုတ်ပုံဆိပ်လမ်း၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်တွင် တည်ရှိပါသည်။ ပြတိုက်ကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ Myanmar Fire Museum ပြတိုက်တွင် ကိုလိုနီခေတ်မှ ခေတ်အဆက်ဆက် မြို့ပြ၊ ကျေးလက် ဒေသအနှံ့အသုံးပြုခဲ့သည့် မီးသတ်ယာဉ်များအနက်မှ သက်တမ်းရှေးကျဆုံး မီးသတ်ယာဉ်များအား ခေတ်အလိုက် ခင်းကျင်းပြသထားပြီး ကမ္ဘာပေါ်တွင် AD ၆၄ ခုနှစ် အီတလီနိုင်ငံ ရောမမြို့ မီးလောင်မှုကြီး (The Great Fire of Rome)မှစ၍ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မီးလောင်မှုကြီး (The Great Fire London)၊ အမေရိကန်နိုင်ငံ နယူးယောက်မီးလောင်မှုကြီး (The Great Fire New York) စသော ကြီးမားသည့် မီးလောင်မှုကြီးများကြောင့် မီးငြှိမ်းသတ်ရေးကိရိယာများကို တီထွင်လာခဲ့ပြီး မီးသတ်ပန့်များကို ဘီစီ ၃ ရာစုတွင် လည်းကောင်း၊ ၁၈၄၁ ခုနှစ်တွင် ပထမဆုံး ရေနွေးငွေ့စွမ်းအင်သုံး မီးသတ်စက်များကိုလည်းကောင်း အသုံးပြုခဲ့ပြီး ထိုမှတစ်ဆင့် ၂၀ ရာစုဦးပိုင်းတွင် မီးသတ်ယာဉ်အား တီထွင်အသုံးပြုခဲ့ရာ မြန်မာနိုင်ငံသို့ ၁၉၀၉ ခုနှစ်တွင် စတင်ရောက်ရှိလာသည့် Fire King ဟု တင်စား ခေါ်ဝေါ်ရသော ကမ္ဘာ့ရှေးဟောင်း မီးသတ်ယာဉ်အမျိုးအစားများတွင် ပါဝင်သည့် Merryweather (STEAM) နှင့် Merryweather(Petrol) ကဲ့သို့ မီးသတ်ယာဉ်များကိုလည်း ထည့်သွင်းပြသထားပါသည်။