ဘုရင့်​နောင်တံတား အမှတ် (၁)

Listing Description

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်နှင့် လှိုင်သာယာအရှေ့ပိုင်းမြို့နယ်ကို ဆက်သွယ်ထားကာ လှိုင်မြစ် ကို ဖြတ်ကျော်တည်ဆောက်ထားသော တံတားဖြစ်သည်။ ၁၉၉၄-ခုနှစ်တွင်ဖွင့်လှစ်ခဲ့ပြီး သံကူကွန်ကရစ် လွန်တူးပိုင်ဖြင့် တံတားအုတ်မြစ်ကို  တည်ဆောက်ထားခြင်းဖြစ်သည်။ တံတားကိုယ်ထည်ပိုင်းမှာ သံကူကွန်ကရစ်ဖြစ်၍  တံတားအပေါ်ထည်ပိုင်းအား သံမဏိသံပေါင်ဖြင့်တည်ဆောက်ထားကာ တံတား အရှည်မှာ ၁၆၄၀ ဒဿမ ၈၃ ပေ ဖြစ်သည်။ ယာဉ်သွားလမ်း အကျယ် ၂၈ ပေ ရှိပြီး တံတား တစ်ဖက်တစ်ချက် လူသွားလမ်း အကျယ် ၆ ပေရှိသည်။ တံတားရေလမ်း ကင်းလွတ်အမြင့် ၃၆ ပေ ရှိပြီး ရေလမ်းကင်းလွတ် အကျယ် ၃၇၀ ပေရှိကာ တံတားခံနိုင်ဝန်မှာ တန် ၂၀ ဖြစ်သည်။ ဘုရင့်နောင်တံတား အမှတ် (၁) အနီးတွင် ဘုရင့်နောင်တံတား အမှတ် (၂) ကိုတည် ဆောက်ထားပြီး ထိုတံတားကြီးပေါ်မှ ယခုအခါ ယာဉ်များ ဖြတ်သန်းလျှက်ရှိသည်။