သစ္စာစေတီတော်

Listing Description

စစ်ကိုင်းမြို့၊ တကောင်းရပ်၊ စစ်သားတောင်ကုန်းပေါ်တွင် တည်ရှိပါသည်။ စေတီသမိုင်းအရ ကျန်စစ်သားသည် မင်းမဖြစ်မီ ဤနေရာရှိ ဂူအတွင်း ခိုအောင်းနေစဉ်အတွင် မင်းအဖြစ်ရပါစေကြောင်း သစ္စာပြုဆုတောင်းခဲ့ပြီး ဘုရင်ဖြစ်လာသောအခါ စေတီတည်ထားခဲ့ပြီး သစ္စာစေတီတော်ဟု ခေါ်တွင်ကြောင်း သိရသည်။ စေတီတော်ကို သက္ကရာဇ် ၈၀၅ ခုနှစ်တွင် နရပတိမင်းကြီးက ထပ်မံပြုပြင်ခဲ့သည်။ သစ္စာစေတီတော်မှာ ဉာဏ်တော်ပေ ၈ဝ ခန့်ရှိပြီး ဧရာဝတီတံတား(ရတနာပုံ)မှ အနောက်ဘက်အဆင်းတွင် အဦးဆုံးသွားရောက် ဖူးမြော်နိုင်သည့် ဘုရားစေတီတစ်ဆူလည်း ဖြစ်ပါသည်။