စွယ်တော်မြတ်စေတီတော် (မန္တလေး)

Listing Description

အမရပူရမြို့နယ် ရန်ကုန်-မန္တလေးကားလမ်းဘေး မန္တလေးမြို့တောင်ဘက်အထွက် ရှားတောလေးကျေးရွာအနီး မဟာဓမ္မရံသီကုန်းတော်ပေါ်တွင် တည်ရှိသည်။ ၁၉၉၄ ခုနှစ်တွင် တရုတ်နိုင်ငံမှ ဗုဒ္ဓစွယ်တော်မြတ်အား ပင့်ဆောင်ပူဇော်စဉ်အတွင်း ၄၅ ရက်တိုင်တိုင် ရင်ငွေ့တော်ခိုလှုံခဲ့ပြီး ဆင့်ပွားရအပ်သော စွယ်တော်မြတ်နှစ်ဆူဖြင့် ရန်ကုန်တွင်စေတီတစ်ဆူနှင့် မန္တလေးတွင် စေတီတစ်ဆူ တည်ထားခဲ့ကြသည်။ စွယ်တော်မြတ်စေတီ (မန္တလေး)ကို ၁၃၅၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၄ ရက်နေ့တွင် ပန္နက်တင် မင်္ဂလာပြုလုပ်ပြီး စတင်တည်ထားခဲ့ရာ ၁၉၉၆ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ရွှေထီးတော် တင်လှူပြီးစီးခဲ့သည်။ ဉာဏ်တော်အမြင့် ၁၀၈ တောင်၊ ကွမ်းထောင် ၃၇ ပေ၊ အထွတ်စေတီ ၃၂ ပေ၊ အရံစေတီ ၉ ဆူ၊ ပထမကာလသာအိုး ၉ ခု၊ တတိယကာလသာအိုး ၉ ခု၊ မုခ် ၉ ခုနှင့် မကန်းလှေကား ၁၂ ပေအကျယ် ၉ စင်းပါရှိသည်။ ၁၂၈ ပေအကျယ်ရှိ မဟာသရက်ကင်းလှေကား ၉ စင်းရှိသည်။ ၁၈ ပေအကျယ်ရှိ သရက်ကင်းလှေကား ၆ စင်းရှိသည်။ စေတီတော်အနီးတွင် အလျား ၄၅၀ ပေ၊ အနံ ၃၆၀ ပေ၊ အနက် ၁၀ ပေရှိ လေးထောင့်ပုံ ရေကန်ရှိသည်။