ဘုရင့်နောင်နှစ်ထပ်ခုံးကျော်တံတား

Listing Description

ဘုရင့်နောင်နှစ်ထပ်ခုံးကျော်တံတားသည် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်တွင် တည်ရှိပြီး မြန်မာနိုင်ငံမှ First Myanmar Construction Co.,Ltd. နှင့် ထိုင်းနိုင်ငံမှ PTC (Prestnessed) Thailand Co.,Ltd တို့က ၂၀၁၂ ခုနှစ် ဇွန် ၅ ရက်တွင် စတင်တည်ဆောက် အကောင်အထည်ဖော်ခဲ့ပြီး တည်ဆောက်မှုကာလ စုစုပေါင်းတစ်နှစ်ခွဲမျှ ကြာမြင့်ခဲ့ကာ သတ်မှတ်ခွင့်ပြု ကာလအတွင်း အပြီးတည်ဆောက်နိုင်ခဲ့ပါသည်။ အဆိုပါဘုရင့်နောင်နှစ်ထပ်ခုံးကျော် တံတားမှာ အရှေ့၊ အနောက်၊ တောင်၊ မြောက်ဖြင့် လေးဖက်ဦးတည်ကာ တည်ဆောက်ထားပြီး အရှေ့အနောက်ဦးတည်သော တံတားမှာ သမိုင်းဘူတာရုံခုံးကျော်တံတားနှင့် ဆက်သွယ်တည်ဆောက်ထားပြီး အဆိုပါ အရှေ့အနောက် ဦးတည်ခုံးကျော်တံတားသည် တောင်မြောက်ဦးတည် ခုံးကျော်တံတားအား ဖြတ်ကျော်တည်ဆောက်ထားသည်။ အရှေ့အနောက်ဦးတည်ခုံးကျော်တံတား၏ အရှည်မှာ ၁,၉၆၉ ပေဖြစ်ပြီး ခံနိုင်ဝန် တန်၆၀ နှင့် တောင်မြောက်ဦးတည် ခုံးကျော်တံတား၏ အရှည်မှာ ၁,၄၄၄ ပေဖြစ်ပြီး ခံနိုင်ဝန် တန် ၇၅ ဖြစ်ကာ RC concrete တံတားအမျိုးအစားဖြစ်ကာ ရှစ်လမ်းသွား ခုံးကျော်တံတားဖြစ်ပါသည်။