ဝတ်မှုန်ရွှေရည်

Listing Description

ဩဂုတ်လ ၁၀ရက်နေ့၊ ၁၉၈၈ ခုနှစ်တွင် ဦးဝင်းသိန်းနိုင်၊ ဒေါ်မီမီလွင်တို့မှ မွေးဖွားခဲ့သည်။ မိုးကုတ်မြို့ဇာတိဖြစ်သည်။ အများက ကစ်ကစ်ဟုခေါ်ကြသည်။ ရုပ်ရှင်သရုပ်ဆောင် ဖွေးဖွေး နှင့် ညီအစ်မ တစ်ဝမ်းကွဲတော်စပ်သည်။

၂၀၀၉ ခုနှစ်တွင် ဝတ်မှုန်ရွှေရည်သည် ကြော်ငြာများ ရိုက်ကူး၍ စတင် သရုပ်ဆောင်ခဲ့သည်။ သူ၏ ပထမဆုံး ခေါင်းဆောင်ရိုက်ကူးသော ဇာတ်ကားမှာ ‘‘ဘာဘီအရုပ်ကလေး’’ ဖြစ်သည်။ ၂၀၀၉ ခုနှစ်အတွင်းမှာပင် ပေါင်၂၀၀ ကိုယ့်ချစ်သူ၊ ချိန်ခွင်၊ အနေအထိုင်မတတ်တဲ့ကြယ်၊ နတ်သမီးချစ်တဲ့ပင်လယ် စသော ဗီဒီယိုဇာတ်ကားများဖြင့် နာမည်ရလာခဲ့သည်။ ထို့နောက် ဗီဒီယိုကားပေါင်းများစွာ ရိုက်ကူးခဲ့သည်။ 

“ဘန်ကောက်မှ မန္တလေးသို့” ထိုင်းမြန်မာချစ်ကြည်ရေး၊ “ဇာတိမြေ” ဂျပန်မြန်မာချစ်ကြည်ရေး၊ “တိမ်တွေပေါ်ကပန်း” ကိုရီးယားမြန်မာချစ်ကြည်ရေး ဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။ သူမသည် ပြည်ပနိုင်ငံများမှ ရုပ်ရှင်နှင့်ပတ်သက်သော ပွဲအခမ်းအနားများတွင် မကြာခဏဖိတ်ကြားခြင်းခံရပြီး တက်ရောက်လေ့ရှိသည်။ 

၂၀၁၃ ခုနှစ်တွင် “နင်စေရင်” ဇာတ်ကားဖြင့်အမျိုးသမီးဇာတ်ဆောင်ဆု ရရှိခဲ့သည်။

၂၀၁၄ ခုနှစ်တွင် “နှလုံးသားဖြင့်ပြုလုပ်သည်” ဇာတ်ကားဖြင့် အမျိုးသမီးဇာတ်ပို့ဆု ရရှိခဲ့သည်။