ပအိုဝ်းတိုင်းရင်းသား တေးရေးနှင့် အဆိုတော် တစ်ဦး ဖြစ်သည်။ အဖ ဦးဘတင်နှင့် အမိ ဒေါ်လှမင်းတို့မှ ဟိုပုံးမြို့တွင် ဖွားမြင်သည်။
အတန်းပညာကို လွိုင်လင်မြို့၊ တောင်ကြီးမြို့တို့တွင် သင်ကြားခဲ့သည်။
၁၉၇၃-၇၄ ခုနှစ်တွင် မန္တလေးမြို့ ပန်းချီ ပန်းပုကျောင်းတွင် ပန်းချီ ပညာများကို တက်ရောက် သင်ကြားခဲ့သည်။
၁၉၈ဝ ခုနှစ်တွင် မောင့်အချစ်ဆုံးမုန်းသူ အ မည်ရှိ ပထမဦးဆုံး အခွေသစ် (ဒို့ရှမ်းလေး တေးသံသွင်း)ဖြင့် တပြည်လုံး ထုတ်ဝေ ဖြန့်ချိခဲ့ရာမှ အောင်မြင်မှုတွေရရှိလာ ခဲ့သည်။
သီချင်းအခွေ ၆ ခွေ ထုတ်ခဲ့ပြီး၊ သီချင်းအပုဒ် ၁၅ဝ ခန့် ရေးသားခဲ့သည်။
ဒေါ်မြင့်ရီနှင့် လက်ထပ်ခဲ့ပြီး သမီး မသန်းသန်းဝင်းနှင့် သား မောင်မျိုးမင်းတို့ ထွန်းကားခဲ့သည်။
ထင်ရှားသော လက်ရာများ
ရွှေစွန်ညိုပါ အထွေးရယ်၊ ချယ်ရီရယ် တောင်ပြာရယ် နန်းရယ်၊ မောင့်အချစ်ဆုံး မုန်းသူ၊ ဝါကျွတ်ပြီ အချစ်ရေ၊ ဖိတ်ခေါ်သံ၊ နွေဆိုး၊ မြတ် သောအရှုံးမှ ရသောအသိ၊ လာလှည့် တော့နွေ၊ အကျည်းတန်သည် ဝဋ်ကြွေး၊ ကြွေနေသော မျက်ရည်များ၊ ဝေဒနာ အလင်းရှင်၊ အလာနှောင်းတဲ့ စိုင်း၊ မြားနတ်မောင်သို့၊ ဘီးကလေး၊ ရောက် တုန်းရောက်ခိုက်၊ သည်းဦး၊ အရူးစကား အမူးကြားတော့၊ မသဲဖြူ၊ ငါတို့ပြန်မှ ရွာပါမိုး၊ အကဲ့ရဲ့ခံ အုံ့ပုန်း၊ ဝေးခဲ့ရပေ မယ့်၊ မငိုသာ အရှိုက်ခက်၊ သဖန်းတော လူမိုက်၊ တစ်လှေတည်းစီး၊ အပြန်လမ်း ရဲ့ လွမ်းမျက်ရည်၊ ဘဝမွန်းမတိမ်းမီ၊ ကျောင်းတော်သားလွိုင်လင်မြို့၊ ပေး ဆပ်လျက်ပါ၊ လာလမ်းနောက် လှည့်၊ အရှုံးက မောင်ပါ၊ အလိုက် အထိုက်နဲ့ပဲ၊ မိနွေနှင့် နွေသီတာ စသော သီချင်းပေါင်း များစွာ လူကြိုက်များခဲ့သည်။