လယ်ဦးသဘာဝလိုဏ်ဂူ

Listing Description

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်-မိုးမိတ်လမ်းဝ မိုးကုတ်မြို့မှ ၄ မိုင်ခန့်အကွာ လယ်ဦးရပ်တွင် တည်ရှိပါသည်။ သဘာဝလိုဏ်ဂူတော်မြေနေရာမှာ ယခင်က ဒေသခံတောင်သူ ဦးထွေဝမ်းမိသားစုက တောင်ယာစိုက်စားခဲ့သည့် မြေနေရာဖြစ်ပြီး ၂၀၀၅ ခုနှစ်တွင် သဘာဝလိုဏ်ဂူကျောင်း တိုက်ဆရာတော် ဦးထေရာဝံသအား သာသနာ့မြေအဖြစ် လှူဒါန်းခဲ့ခြင်းဖြစ်သည်။ လိုဏ်ဂူအကျယ်မှာ ၂၅ ပေနှင့် အရှည် ပေ ၂၅၀ ရှိပြီး လိုဏ်ဂူနှင့်ဆက်စပ်နေသည့် အပေါက် ၂၀ ကျော်ရှိသည်။ လိုဏ်ဂူအတွင်း၌ သဘာဝကျောက်စိုင် ကျောက်ပန်းဆွဲများကို လေ့လာနိုင်သည့်အပြင် ဘုရားဆင်းတုတော်များစွာကိုလည်း ဖူးမြော်မြင်တွေ့နိုင်ပါသည်။